Thursday, February 11, 2010

အဖေပြောခဲ့ တဲ့  လွတ်လပ်တဲ့ တိုင်းပြည်နှင့် ဖာနိုင်ငံ

ဗိုလ်ချုပ်က သူ့ မွေးနေ့ သူသတိရမှာမဟုတ်ပါဘူး။ တိုင်ပြည်မှာသူလုပ်ချင်တာတွေနဲ့ အလုပ်ရှုပ်နေရင်း လုပ်ကြံခံခဲ့ ရတဲ့ဗိုလ်ချုပ်ကို ဗမာပြည်တွင်သာမက အာရှတခွင်မှာ တန်ခိုးအရှိန်ကြီးခဲ့ တဲ့  ဗိုလ်ချုပ်ရဲ့ သမိုင်းကို မှေးမှိန်အောင် ပယ်ဖျောက်ဖို့ ကြိုးစားနေကြတဲ့ လက်ရှိ စစ်အကြမ်းဖက် ခွေးအုပ်စုတို့ အား အော့နှလုံးနာမိပါတယ်။ အဖ အောင်ဆန်း ရယူခဲ့ တဲ့ တိုင်းပြည် ယ္ခုလက်ရှိမှာ စစ်ခွေး တွေရဲ့ ကိုယ့် အမျိုး ကောင်းစားရေး ကိုယ့် အာဏာလက်လွတ်မဆုံးရှုံးရေး ကလွဲ ရင် ပြည်သူ့ အကျိုးအတွက်ဘာမှကို ပြန်မကြည့်ဘဲ ရက်ရက်စက်စက် အုပ်ချုပ်ခံနေရတာ ထက် အင်္ဂလိတ်လက်အောက်မှာကျွန်အဖြစ် နေရတာက သာ၍ကောင်းသေးတယ်လို့  စိတ်ထဲ တွေးဖြစ်မိပါတယ် ဘာကြောင့်လည်းဆိုတော့ လောလောဆယ်မှာ စစ်ခွေးတွေလက်အောက်မှာ ကျွန်ခံရင်း မ၀ရေစာစားနေရတာထက် အင်္ဂလိတ်ခေတ်တုန်းက ကျွန်ဘ၀ရောက်ခဲ့ ပေမယ့်  ယ္ခုလက်ရှိ ဘ၀ထက်တော့သာသေးတယ်လို့ ။

No comments:

 

Downtamun template | DOWNTAMUN