Thursday, May 28, 2009

အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း

အင်းစိန်ထောင်ရှေ့ ၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆိုင်းဘုတ်ကိုင်၍ ကြွေးကြော်ဆန္ဒပြ။

အင်းစိန်ရှေ့ တွင် အသက် (၅၀) ခန့် အရွယ် ဦးဇော်ညွန့်  (တပ်မတော် လေတပ်အရာရှိဟောင်းတစ်ဦး) ဟာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ဆိုင်းဘုတ်ကိုထောင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဆိုပြီး အော်ဟစ်ဆန္ဒပြပါတယ်။ ဒီအချိန်မှာဘဲ ဒီအဖြစ်အပျက်ကို ကင်မရာနဲ့  လိုက်ရိုက်သူတွေနဲ့  စာရွက်စာတမ်းဝေသူများကို နအဖဘက်တော်သားတွေက လိုက်လံဖမ်းဆီးပါတယ်။ ဦးဇော်ညွန့် နဲ့ အတူ နောက်တစ်ဦး ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရှိရပါတယ်။

ပြည်သူလူထုအားနဲ့  အားလုံး ၀ိုင်းရံထွက်ကြပါစို့ ။

No comments:

 

Downtamun template | DOWNTAMUN