There is one case at University of Computer Science, Hlaing Campus. There is one training which is organized by JICA and JICA selects a few candidate from staffs of Ministry of Science and Technology. One candidate from this training course did post about swing flu at Internet. The news is already published into Seven Eleven journal. Her attention is just to spread the knowledge of Swing Flu and dont intend to scare to public. The intention is very simple and noble. But unfortunately, she got a problem because of this post. The post was seen by Doctor Nila Thein (also famous for "Thone thein Ta thoung" in Myanmar). "Thone thein" means the three sister of Daw Nila Thein, Daw Thandar Thein and Daw Yadanar Thein and "Ta thoung" stands for Minister U Thaung who advised Than Shwe to rule. She report this case to Minister and draw this case to politics. Now the staff who did this post is under investigation and probably terminate the course and transfered to country side.
There was also a case she did badly to staff. Last year there is a vote of YES/NO for elecation. There were a few staffs voting NO to this. Daw Nila Thein listed those staffs voted NO and reported to Junta. You can imagine what happen to those staffs. What we want to say is that we should get rid of this public enemy Daw Nila Thein as soon as possible. One day, we should bring out this criminal to court and should purnish to her.
If you get any information of Daw Nila Thein, please share to public and bring out for Truth.
Lets Fight All public enemy!!!!!
Rest of your post
Saturday, July 4, 2009
အရိုးအရင်းလေးစားပြီး
What silly North Korea doing at the moment?
Democratic Voice of Burma: North Korea exporting weapons overland to Burma – Francis Wade Thu 2 Jul 2009 Filed under: News, Inside Burma
North Korea is suspected to have illegally exported weapons to Burma via overland routes through China to avoid naval detection or interception, a South Korean newspaper said yesterday.
The news follows reports that the North Korean ship, the Kang Nam 1, being tracked by the US navy on suspicion that it is carrying weapons in breach of new UN sanctions on Pyongyang has turned around.
North Korea, like many countries, has traditionally used sea routes to carry exports to other parts of the world.
Following a series of sanctions on the regime that, since 2006, have increasingly targeted weapons exports, the government is alleged to have used overland routes that are harder to detect, the Chosun Ilbo newspaper said.
Using this method, Pyongyang has exported weaponry to Iran, Syria, Laos and Burma totaling $US800 million since 2000, the Chosun Ilbo quoting US intelligence agencies.
“It also exported weapons by building assembly factories in importing countries,” the report said.
“To circumvent an entry ban on its ships in ports, North Korean chartered ships under the names of foreigners, falsified the country of origin, or did business through a third country. That is mostly how it was able to export to Iran, Syria, Burma and Laos.”
According to North Korea expert Dr Leonid Petrov, this method has been used in the past to export sensitive material.
“Not every [North Korean] ship is government owned or government managed - North Korean crews sometimes operate under foreign companies,” he said.
“There are plenty of cooperative companies, not really private and not really government-run, that operate on a market basis and commercial basis, so they can go wherever they want and pick up any cargo.”
Burma reportedly refused to accept the Kang Nam ship, although it is unclear what its reason was.
Earlier this week US officials said the ship was still being tracked by US navy about 250 miles south of Hong Kong, heading north, although did not comment on possible destinations.
The new UN resolution on North Korea allows countries to request searches of North Korean suspected of carrying weapons or suspicious material, although the US is yet to board the Kang Nam.
“It’s simply impossible to monitor the majority of routes, either inland or air, and probably only maritime cargo can be stopped and possibly searched but there is a high chance of provoking a skirmish or battle, so I don’t think [the UN resolution] is going to work anyway,” said Petrov.
Rest of your post
ခွဲတမ်းချခံရတဲ့ ဘဝ
စစ်သင်တန်းတက်ရန် ရွာသားများကို ခွဲတမ်းစနစ်ဖြင့် ခေါ်ယူနေ Friday, 03 July 2009 16:54 ဉာဏ်မောင်
စစ်အစိုးရအာဏာပိုင်များက ပြည်သူ့စစ်သင်တန်းတက်ရန်အတွက် ရွာသားများကို ခွဲတမ်းစနစ်ဖြင့် ခေါ်ယူနေပြီး စစ်သင်တန်းကုန်ကျစရိတ်အတွက် အိမ်ထောင်စုအလိုက် တောင်းခံနေခြင်းကြောင့် ဒေသခံများ ဒုက္ခရောက်နေရသည်။
ပြီးခဲ့သည့်လမှ စတင်ကာ မန္တလေးတိုင်း၊ မိထ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအားလုံးတွင် တအုပ်စုလျှင် လူ ၂၀ ဦး မဖြစ်မနေ သင်တန်းတက်ရမည်ဖြစ်ပြီး အဆိုပါ သင်တန်းသားများကို ထောက်ပံ့ရန် တအိမ်ထောင်လျှင် ငွေ ၂,၀၀၀ ကျပ်စီ တောင်းယူနေကြောင်း ဒေသခံရွာသားတဦးက ပြောသည်။
"ကိုယ့်ထမင်းထုပ်နဲ့ကိုယ် တက်ရမှာ၊ သင်တန်းတက်မဲ့သူတွေကို ငွေ ၁,၅၀၀ ထောက်ပံ့မယ်လဲ ပြောတယ်၊ တချို့ရွာတွေဆို မလိုက်ချင်ကြလို့ မဲနှိုက်နေတာ၊ ကိုယ့်စားဝတ်နေရေးကလဲရှိတော့ ဘယ်သူမှမလိုက်ချင်ကြဘူး၊ မတက်လို့လဲမရဖြစ်နေတယ်" ဟု ဒေသခံရွာသားတဦးက ပြောသည်။
အဆိုပါ စစ်သင်တန်းတက်ရမည့် ရက်ကို အတိကျမသိရသေးသော်လည်း ပျဉ်သာကျေးရွာ ဘောလုံးကွင်းတွင်ပြုလုပ်ရန် ပြင်ဆင်မှုများ လုပ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
"သူတို့ဘက်ကတော့ သင်တန်းအတွက် အကုန်ပြင်ဆင်ထားတယ်၊ ရွာသားတွေကလဲ ဘယ်သူမှ မကျေနပ်ကြဘူး၊ တောသူတောင်သားဆိုတာ ကိုယ့်စိုက်ပျိုးရေးအလုပ်ပဲ လုပ်ချင်တာ၊ ဒီကြားထဲ ပိုက်ဆံကလဲ မထည့်မနေရဆိုတော့ ထည့်ပေးနေရတယ်၊ တခြား တောင်းတာတွေလဲရှိတယ်" ဟု ရွာသားက ဆက်ပြောသည်။
ထို့အပြင် ကျေးရွာများတွင် တမာစေ့နှင့် ကြက်ဆူစေ့များကိုလည်း အိမ်ထောင်စုအလိုက် ခွဲတမ်းချ ကောက်ယူနေသည်ကိုလည်း မဖြစ်မနေ ပေးနေရကြောင်း ၎င်းက ပြောသည်။
"တမာစေ့နဲ့ ကြက်ဆူစေ့တွေ တောင်းတာက အုပ်စုကြီးရင် တအိမ်ထောင် တမာစေ့ လေးဗူး၊ ကြက်ဆူသုံးဘူး၊ အုပ်စုသေးရင် တမာစေ့တပြည်နဲ့ ကြက်ဆူလေးဗူး ပေးနေရတယ်၊ ရွာသားတွေက ငွေပေးဝယ်တယ်ဆို ရောင်းချင်ရောင်းမှာပေါ့၊ အခုလိုတောင်းတာကျတော့ ဘယ်သူမှမပေးချင်ကြဘူး" ဟု ပြောသည်။
မိထ္ထီလာမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စုရှိပြီး ရှောက်ပင်၊ ရွှေတောင်၊ ကြင်နူး၊ မောင်းလောက်၊ သဲတော၊ ညောင်မြင့်၊ ရွာသာ ကျေးရွာအုပ်စုများတွင် သင်တန်းတက်ရန် ရွာသားများ ရွေးချယ်ပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်အစိုးရအာဏာပိုင်များက ပြီးခဲ့သည့် နှစ်အတွင်းမှစတင်ကာ မြန်မာပြည်အနှံ့အပြားရှိ ကျေးရွာများမှ လူငယ်များကို ပြည်သူ့စစ်သင်တန်းများ အတင်းအကြပ် ဖိအားပေး တက်ရောက်ခိုင်းခြင်းများ ပြုလုပ်နေလျှက်ရှိသည်။
Rest of your post
အချိန်ကုန် လေကုန် ငွေကုန်ခရီးစဉ် နှင့် ဘင်ကီ
ဒေါ်အောင်ဆန်းစုကြည်နှင့် ဘန်ကီမွန်းကို တွေ့ခွင့်မပေး Friday, 03 July 2009 18:42 အေးချမ်းမြေ့
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တောင်းဆိုရာ စစ်အစိုးရ ခေါင်းဆောင်များက ငြင်းပယ်လိုက်သည် ဟု ၎င်းက ပြောသည်။
[မစ္စတာ ဘန်ကီမွန်းနှင့် ခွေးမမှူးကြီးသန်းရွှေတို့ နေပြည်တော်တွင် ဇူလိုင် ၃ ရက်နေ့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)]
မစ္စတာဘန်ကီမွန်းသည် ယနေ့တွင် နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့စဉ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တွေ့ခွင့်ရဖို့ ပြောပြီး ဘာပြန်ပြောမလဲဆိုတာကို စောင့်နေခဲ့တယ်။ ဒီကိစ္စက သိပ်ကိုအရေးကြီးတဲ့အကြောင်းလည်း ပြောပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက သတင်းထောက် များကို ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ၄ ဦးကိုလည်း မစ္စတာ ဘန်ကီမွန်းနှင့်တွေ့ဆုံရန် ယမန်နေ့က နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း ကြားသိရသည်။
NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) များ ဖြစ်ကြသော ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်နှင့် ဦးသန်းထွန်းတို့ ၄ ဦးကို ယမန်နေ့ နေ့လယ်က စစ်အစိုးရ တာဝန်ရှိသူများက ကားဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။
NLD ၏ CEC အဖွဲ့ဝင်များအနေနှင့် မစ္စတာဘန်ကီမွန်း မလာရောက်ခင်ကပင် ကြိုတင်၍ ၎င်းအား တင်ပြမည့်အချက်များကို ဆွေးနွေးခဲ့ကြရာ အဓိကအချက်များမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်း သားများအား လွှတ်ပေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးနှင့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော အခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရေး စသည့် အချက် ၃ ချက် ဖြစ်ကြောင်း သိရသည်။
ဦးဝင်းတင်က မစ္စတာဘန်ကီးမွန်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်က ထိန်းသိမ်းခံထားရတဲ့ သူဖြစ်နေတော့ လုံခြုံရေးအရဆိုပြီး တွေ့ခွင့်ပေး လိမ့်မယ် မထင်ဘူး၊ ဒါပေမယ့် ကျနော့်အနေနဲ့ ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့တယ်ဆိုရင် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း တွေ့စေချင်တယ်” ဟု ဦးဝင်းတင်က ပြောခဲ့သည်။
ဆက်လက်၍ သူက ယခုတကြိမ် မစ္စတာ ဘန်ကီမွန်းသည် ကမ္ဘာ့အဖွဲ့အစည်းကြီးတခု၏ ခေါင်းဆောင် တဦး အနေနှင့် မြန်မာပြည်သို့ လာရောက်ခြင်း ဆိုသည်ထက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြားဝင်စေ့စပ် ဖြန်ဖြေသူ ပုံစံဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု ပြောသည်။
“ကြားဝင်စေ့စပ် ဖြန်ဖြေတယ် ဆိုကတည်းက ဘက် ၂ ဘက်ရှိတယ်။ ဒီတော့ မစ္စတာ ဘန်ကီမွန်းအနေနဲ့ မစ္စတာဂန်ဘာရီလို စစ်အစိုးရနဲ့ပေါင်းပြီး သူတို့ စီစဉ်သမျှကို ခေါင်းညိတ် ပြန်သွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီလိုဆိုရင် ပြည်သူလူထုရဲ့ နိုင်ငံရေးလိုအပ်ချက်တွေ၊ တောင်းဆိုမှုတွေကို သစ္စာဖောက်သလို ဖြစ်မယ်” ဟု သူက ဆိုသည်။
NLD ခေါင်းဆောင်များက မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်နှင့် ပတ်သက်၍ မျှော်လင့်ချက်မရှိဟု ဆိုကြသည်။ သို့ရာတွင် ၎င်းပါတီ ခေါင်းဆောင်များအားလုံးက ယခုကဲ့သို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုယ်တိုင် မြန်မာပြည်၏ အရေးကိစ္စကို လာရောက်ဆောင်ရွက်ပေးခြင်းအတွက် ကြိုဆိုသည်ဟု ပြောသည်။
မြန်မာပြည်သို့ မလာခင် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခဲ့သော မစ္စတာ ဘန်ကီမွန်းက “ဒီခရီးစဉ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး တင်ပြနိုင်ဖို့ ကြိုးစားပါမယ်” ဟု ဂျပန်သတင်းထောက်များအား ပြောကြားခဲ့သည်။
မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသားအဖွဲ့များအပါအဝင် အတိုက်အခံ အဖွဲ့များအားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရေး စသည့်အချက် ၃ ချက်ကို နအဖ အစိုးရအား အဓိက တောင်းဆိုမည်ဟု ဆိုသည်။
နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မစ္စတာဘန်ကီမွန်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ စစ်အစိုးရအား တိုက်တွန်းသင့်သော်လည်း စစ်အစိုးရ ကျင်းပ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုမူ တရားဝင်ကြောင်း ပြောရန်မသင့်ဟုဆိုသည်။
အမှုဆောင် အရာရှိ Kanneth Roth က “မစ္စတာဘန်ကီမွန်းရဲ့ခရီးစဉ်ကို အသုံးချပြီး မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲဟာ တရားဝင်တယ်လို့ လုပ်လိုက်မယ်ဆိုရင် အန္တရာယ်ရှိတယ်” ဟု ပြောသည်။
NLD ခေါင်းဆောင် ဦးဝင်းတင်ကလည်း မစ္စတာဘန်ကီမွန်း တောင်းဆိုမည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စကို သဘောတူသော်လည်း ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သည့် အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးကို မပြောဘဲ ၂၀၁၀ ရွေးကောက်ပွဲကိစ္စပြောဆိုခြင်းကို သဘောမတူကြောင်း ပြောကြားသည်။
နေပြည်တော်၌ မစ္စတာဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံမည့် ယနေ့သည် ဒေါ်အောင်ဆန်း စုကြည်၏ သက်သေ ဒေါ်ခင်မိုးမိုးကို စစ်ဆေးမည့်နေ့ဖြစ်သော်လည်း လာမည့် ၁၀ ရက်နေ့သို့ ရုံးချိန်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။
NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ယခုကဲ့သို့ မစ္စတာ ဘန်ကီမွန်း လာရောက်ချိန်တွင် ရုံးချိန်းရွှေ့ဆိုင်းလိုက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ တစုံတရာ အပြောင်းအလဲ ဖြစ်နိုင်သည်ဟု သုံးသပ်သည်။
မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု
Kaowao
ဇူလိုင် ၃၊၂၀၀၉။
စံခလပူရီ(ဇူလိုင်-၃)။ ။ ယနေ့နံက်တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် စင်ကာပူမှတဆင့် မြန်မာပြည်ကို ရောက်ရှိလာသည်။ “မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အလေးအနက် တိုက်တွန်းဖို့အတွက် မြန်မာပြည်ကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်” ဟုကြိုတင် ကြေညာခဲ့သည့်အတိုင်း ဇူလိုင်လ ၃၊ ၄ ရက်နေ့တို့တွင် မြန်မာနိုင်ငံ၌ နေထိုင်သွားမည်ဟု ယမန်နေ့ကထုတ်ပြန်သော UN Press Review တွင်ဖေါ်ပြထားသည်။
ဘန်ကီမွန်းနှင့်ဗိုလ်ချုပ်မှူးကြီးယမန်နှစ်ကတွေ့ဆုံခဲ့ကြစဉ်(23 May 2008)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု ဂျာမနီမှ DPA သတင်းတစ်ရပ်ကို ကိုးကားပြီး ယမန်နေ့ကထုတ်ပြန်သော ယင်း UN Press Review တွင်ဖေါ်ပြပါရှိပါသည်။ တိုကျို၌ မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောကြားခဲ့စဉ် “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မြန်မာဗိုလ်ချုပ်တွေကို ပြင်းပြင်းထန်ထန် တိုက်တွန်းသွားမယ်” ဟုဆိုခဲ့ပါသည်။
ဘယ်လဂျီယံမှ De Morgen သတင်းတစ်ရပ်တွင် “မစ္စတာဘန်ဟာ အံ့သြစရာကောင်းလောက်အောင် စွမ်းနိုင် လိမ့်မယ်လို့တော့ မမျှော်လင့်ပါဘူး”ဟု မှတ်ချက်ပြုထားပါသည်။ စစ်အစိုးရအဖွဲ့ကိုသာ အကျိုးအမြတ်ဖြစ်စေ
မည်ဟု သံသယ ရှိနေကြသူအလွန်များကြောင်း ထိုသတင်းတွင်ထပ်မံ သုံးသပ်ထားပြန်သည်။
မစ္စတာ ဘန်ကီမွန်းသည် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၄ နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးတွင် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးသည်။ မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို လာရောက်နိုင်ရန်အတွက် မစ္စတာ ဂန်ဘာရီ၏ အစီရင်ခံစာအပေါ် မူတည်ခဲ့သည်ဟု သတင်းဌာနများက ယူဆထားကြပါသည်။ AFP သတင်းဖေါ် ပြမှုတစ်ရပ်တွင် မစ္စတာဘန်သည် မြန်မာအာဏာပိုင်တို့၏ တရားဝင် ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့သည်ဟု ဖေါ်ပြထားသည်။
AFP သတင်းရေးသားချက်တစ်ရပ်တွင် ဘန်၏ခရီးစဉ်သည် “မသေချာမှုတွေကြားထဲက စွန့်စားမှုတစ်ခု” ဟု သုံးသပ်ထားပါသည်။ မစ္စတာဘန်သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ထိရောက်စွာ မဆောင် ရွက်နိုင်ခဲ့လျှင် အလွန်ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်သာဖြစ်ကြောင်း လွန်ခဲ့သည့်ကြာသပတေးနေ့ AFP သတင်း တွင် သုံးသပ်ချက်များကို ထုတ်လွှင့်ခဲ့သည်။
Rest of your post
အယုတ်မာဆုံး အုပ်ချုပ်သူသမိုင်းမှာ ဟစ်တလာအုပ်စုပြီးရင် ခွေးသူတောင်းစား သန်းရွှေအုပ်စု
ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသော အင်းစိန်ထောင်အထူးတရားရုံးတရားခွင်ကို ယနေ့နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီးနောက် ဇူလိုင် (၁၀) ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုလိုက်ကြောင်း အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
“ဒီနေ့က ဒေါ်ခင်မို့မို့ကို စစ်မေးရမှာ မမေးဖြစ်ဘူးလို့ကြားတယ်။ ဦးဉာဏ်ဝင်းတို့ ပြန်လာရင်တော့ ပြည့်ပြည့်စုံစုံ သိရမယ်။ အခုသေချာတာကတော့ (၁၀) ရက်နေ့ကို ရုံးချိန်းပြောင်းလိုက်တယ်” ဟု ၎င်းက ပြောသည်။
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်အတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။
ထို့နောက် တရားရုံးတွင် အာဏာပိုင်များဘက်မှ တရားလိုပြသက်သေ (၂၃) ဦးတင်သွင်းခဲ့ရာ တရားရုံးက (၁၅) ဦး၏ ထွက်ဆိုချက်ကို ရယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသော သက်သေ (၄) ဦးနက် (၃) ဦးကို အင်းစိန်ထောင်အထူးတရားရုံးက ပယ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြင်ဆင်ခွင့်အတွက် ရန်ကုန်တိုင်းတရားရုံးသို့ ဇွန် (၂) ရက်တွင် အယူခံတင်သွင်း ခဲ့ရာမှစ၍ အင်းစိန်ထောင်အထူးတရားခွင်ရုံးချိန်းများကို တလလုံးလုံး ရွှေ့ဆိုင်းပေးနေခဲ့ရခြင်းဖြစ်သည်။
သက်သေပြင်ဆင်ခွင့်အယူခံအတွက် ဗဟိုတရားရုံးအထိတက်ရောက်ခဲ့ရပြီး ဗဟိုတရားရုံးက ဇွန် (၂၉) ရက်တွင် အယူခံကိုပယ်ချလိုက်ရာ အင်းစိန်ထောင်အထူးတရားရုံးက ယနေ့တရားခွင်တွင် ရန်ကုန်တိုင်းတရားရုံးက ထပ်မံခွင့်ပြုခဲ့သော သက်သေ ဒေါ်ခင်မို့မို့ကို စစ်မေးရမည်ဖြစ်သည်။
ယနေ့အင်းစိန်ထောင်အထူးတရားခွင်ရုံးချိန်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းခရီးစဉ်တိုက်ဆိုင်နေသဖြင့် တရားခွင်ရုံးချိန်းပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်သည်ဟု ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
မစ္စတာဘန်ကီမွန်းသည် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေးအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေရာ နအဖစစ်အစိုးရ အကြီးအကဲဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီ (၁၀) ခုနှင့်လည်း တွေ့ဆုံညှိနှိုင်းသွားမည် ဖြစ်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံခရီးမစတင်မီ ဂျပန်နိုင်ငံတွင် ရှိနေစဉ်ကပင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဒုတိယအကြိမ်မြောက် တောင်းဆိုထားသည်။
Rest of your post
Friday, July 3, 2009
Seven July
7 july အမှတ်တရပါ ကျောင်းသားဆိုတာဟာ ပွင့်လင်း ရိုးသားပြီး ဖိနှိပ်မှု၊ မတရားမှုကို မကြိုက်တဲ့ သဘာဝ ရှိပါတယ်။ ခေတ်ပညာ တတ်ဖြစ်ပြီး နိုင်ငံတကာ နဲ့  ယှဉ်ကာ အမြင်ကျယ် အသိဥာဏ် ကြွယ်ဝသူတွေလည်း ဖြစ်ကြပါတယ်။ နယ်ချဲ့  ကိုလိုနီ လက်အောက်က လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံကို ကယ်တင်ခဲ့တဲ့ "အာဇာနည် သူရဲကောင်း" တွေဟာ ကျောင်းသားတွေက ဖြစ်လာတာ မဟုတ်ပါလား ခင်ဗျား။ ကျောင်းသား သမဂ္ဂနဲ့  ကျောင်းသားတွေ ဟာ လွတ်လပ်ရေး ရရှိမှု ပြဿနာ၊ ပြည်တွင်းစစ် ရပ်စဲရေး ပြဿနာ၊ ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး ပြဿနာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာ စတာတွေကို အကြိတ်အနယ် ဖြေရှင်းတောင်းဆို ခဲ့ကြပါတယ်။
၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ ၊ ဗိုလ်နေ၀င်း အာဏာသိမ်းပြီးတဲ့အခါ စစ်အာဏာရှင် စနစ်ကို ပထမဆုံး ဆန့်  ကျင် ကန့် ကွက် ခဲ့တာ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ အာဏာသိမ်းပြီးပြီးချင်း မတ်လ (၃) ရက်နေ့ မှာ (ဗကသ)၊ (တကသ) နဲ့  (ရကသ) တို့  ပူးတွဲပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ စစ်တပ်က အာဏာသိမ်း ခြင်းကို ကန့်  ကွက်လိုက်ကြပါတယ်။ ဖဆပလ၊ ပမညတ စတဲ့ နိုင်ငံရေးပါတီကြီးတွေက စောင့်ကြည့်ဖို့  ဆုံးဖြတ် ထားတဲ့ အချိန်မှာ ကျောင်းသားတွေက ပြတ်ပြတ်သားသား ကန့် ကွက်ခဲ့ကြလို့  ဗိုလ်နေ၀င်းက အာဃာတ တရား ထားခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့  စီမံခန့် ခွဲရေးကို ပညာရေး ၀န်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ခြင်း မပြုဖို့  တော်လှန်ရေး ကောင်စီက မေလ (၉) ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေ မှာ ပါတဲ့ လုပ်ပိုင်ခွင့်အားလုံးကို တော်လှန်ရေး ကောင်စီက ကျင့်သုံးမှာ ဖြစ်ကြောင်းနဲ့  ကျောင်းသား တွေကို နှိပ်ကွပ်ချုပ်ချယ်တဲ့ ကျောင်းဆောင် စည်းကမ်းချက် (၂၂) ချက်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ မေလ (၁၀) ရက်နေ့  တက္ကသိုလ် ကောင်စီဝင်တွေကို ဗိုလ်နေ၀င်းက ဒဂုံရိပ်သာ မှာ ခေါ်ယူတွေ့ ဆုံပြီး မူလတက္ကသိုလ် ကောင်စီကို ဖျက်သိမ်းလိုက်တဲ့ အကြောင်း ပြောဆို ကြေညာခဲ့လို့  ကျောင်းသားထုအတွင်း မကျေနပ်မှု ပိုမို များပြားခဲ့ပါတယ်။
မေလ (၂၇) ရက်နေ့  တက္ကသိုလ် ကောင်စီကို တော်လှန်ရေး ကောင်စီရဲ့  ကြေညာချက်အမိန့်  (၃၀) နဲ့  ထုတ်ပြန်တဲ့ အခါမှာ တက္ကသိုလ် ကျောင်းသားတွေ မပါဝင်ဘဲ စစ်အာဏာရှင် အရာရှိကြီးတွေနဲ့  သာ ဖွဲ့ စည်း ထားလို့  ကျောင်းသားများ ပေါက်ကွဲ ခဲ့ပါတယ်။ မေလ (၃၁) ရက်နေ့  မှာ ကျောင်းသားတွေနဲ့  ပြေလည်မှု ရှိတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာလှကို ရာထူးက ဖယ်ရှားလိုက်ပြီး ဗိုလ်နေ၀င်းရဲ့  ဆရာ သင်္ချာ ပါမောက္ခ ဦးကာ အား အစားထိုး ခန့် အပ်လိုက်ရာမှ အာဏာရှင်အစွယ် ဘီလူး ပေါ်ထွက်လာပါတော့တယ်။ အမှန် မှာ တက္ကသိုလ် အက်ဥပဒေအရ ပါမောက္ခချုပ် ရာထူး လစ်လပ်ရင် ပါမောက္ခတွေထဲက ယှဉ်ပြိုင် အရွေးခံ ခွင့်ရှိပြီး တက္ကသိုလ် ဘွဲ့ ရ အသင်းဝင်တွေ လျှို့ ဝှက် မဲပေးကာ ရွေးကောက်တင်မြောက်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ထုတ်ပြန်တဲ့ ပညာရေး စည်းကမ်းသစ်တွေဟာလည်း လူ့ အခွင့်အရေး ချိုးဖောက်တဲ့ အချက်အလက် တွေ များစွာ ပါရှိလို့  ကျောင်းသားတွေက ထောက်ပြပြီး ကန့် ကွက်မှု ပြုလုပ်လာခဲ့ပါတယ်။ တကသ အဖွဲ့ မှ ပါမောက္ခချုပ် ရုံးကို တရားဝင် စာပေးပို့ ခဲ့ပေမဲ့ ပြန်ကြားမှု တစ်ခု မှ မရခဲ့လို့  အုပ်ချုပ်ရေး အပိုင်း နဲ့  ကျောင်းသားများအကြား တင်းမာ မှု ပြင်းထန်လာခဲ့ပါတယ်။
Rest of your post
Lets see what will be change but expect nothing
Democratic Voice of Burma: Burmese wary of UN chief’s visit – Naw Say Paw Wed 1 Jul 2009 Filed under: News, Inside Burma
Burmese politicians have expressed fear that Ban Ki-moon’s visit to Burma will achieve little without concerted attempts to meet National League for Democracy members, including Aung San Suu Kyi.
The UN Secretary General is due to arrive in Burma on Friday on a two-day visit, the exact itinerary of which is unknown.
Senior members of the National League for Democracy (NLD), as well as a number of human rights groups, have said however that the trip will be meaningless unless a meeting with NLD members, and even Suu Kyi, is secured.
“If [Ban Ki-moon] can spare two days to meet with the junta, he should also consider trying to find a way to meet with the other side,” said NLD Central executive Committee member U Win Tin.
“If not, and he leaves Burma having only made friends with the junta, then this trip would be meaningless.”
The trip follows a two-day visit last week by UN envoy to Burma Ibrahim Gambari, which ended on Sunday and was widely believed to have paved the way for Ban’s arrival.
The UN chief was initially wary of accepting the invitation to visit Burma over concerns that the government might use the trip for propaganda purposes.
Bo Kyi, joint secretary of the Assistance Association for Political Prisoners-Burma (AAPP), said that the trip may be too brief to achieve the UN’s goals of ensuring the release of all of Burma’s 2,100 political prisoners.
“Without seeing these people, he would not get an idea of how they are feeling and it might become more difficult for him to solve the problems,” he said.
Veteran Burmese journalist Ludu Sein Win said yesterday that the UN “is like a toothless tiger with no executive power”.
“Burma is like North Korea. The junta doesn’t care about anything apart from their holding of the power,” he said.
The trip comes at a sensitive time, with the trial of Suu Kyi now in its seventh week and evidence of strengthening ties between Burma and North Korea, who were last month subject to toughened UN sanctions.
It is unclear whether the latter issue will be raised during the UN chief’s visit.
Rest of your post
နီနီ ၀ါဝါ ပြာပြာ
နအဖတပ်ရင်းမှူး၏အမိန့် အပစ်ရပ်အဖွဲ့များ မလိုက်နာ NEJ / ၂ ဇူလိုင် ၂၀၀၉
ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ် နှစ်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နယ်မြေခံ နအဖ တပ်ရင်းမှူး ချမှတ်ထားသည့် ကန့်သတ်မှုများအား ယင်းဒေသအခြေစိုက် အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းများက လိုက်နာခြင်း မရှိဘဲ ငြင်းဆန်နေကြကြောင်း နယ်စပ်မှလာသော သတင်းများအရ သိရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး နောက်တရက် ဇွန် (၂၉) ၌ ခလရ (၃၂) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခင်ဇော်က အပစ်ရပ်အဖွဲ့များ အား ခေါ်တွေ့ကာ မည်သည့်အဖွဲ့အစည်းဟု ခွဲခြားရန် လွယ်ကူစေရေး အကြောင်းပြကာ အလံ (သို့မဟုတ်) အရောင်များဖြင့် ခွဲခြား၍ သေနတ်တိုင်းတွင် တပ်ဆင်ထားကြရန် အမိန့်ပေးခဲ့သည်။
အပစ်ရပ်အဖွဲ့အစည်းများကမူ ဇူလိုင် (၂) ရက် ယနေ့အထိ ယင်းအမိန့်အတိုင်း လိုက်ပါဆောင်ရွက်ခြင်း မရှိကြချေ။
ယင်းဒေသတွင် တာဝန်ကျနေသည့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တဦးက “ဒါ မတရားသဖြင့် သက်သက်လုပ်ခိုင်းတာဖြစ်လို့ ကျနော်တို့ မလိုက်နာတာပါ။ ဒီအကြောင်းကို ကျနော်တို့လည်း အထက်ကို တင်ပြထားတယ်။ ဒီဗုံးကွဲတဲ့ကိစ္စကြောင့်နဲ့ သေနတ်ဒင်တွေမှာ အလံတို့၊ ဆေးသုတ်တာတို့ လုပ်ဖို့အထိ မလိုအပ်ဘူး ထင်လို့ပါ။ အခြား ဒီကေဘီအေတို့၊ ကေပီအက်ဖ်တို့ ကလည်း လိုက်မလုပ်ကြဘူးလို့ ကြားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အလံအရောင်များအနေဖြင့် မွန်ပြည်သစ်ပါတီအား အနီရောင်၊ ဒီကေဘီအေအား အဝါရောင်နှင့် ကေပီအက်ဖ်အဖွဲ့အား အပြာရောင်အလံများ (သို့မဟုတ်) သေနတ်ဒင်များတွင် အရောင်ခြယ်ထားရန် အဆိုပါနယ်မြေခံ နအဖတပ်ရင်းမှူးက အမိန့်ပေးထားကြောင်း မွန်ပြည်သစ်ပါတီအဖွဲ့ဝင်ဖြစ်သူက ဆက်လက်ပြောကြားသည်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်အစိုးရ၏ လက်နက်ကြီးတပ်ဖွဲ့တဖွဲ့ဖြစ်သည့် ခမရ (၃၅၆) သည် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာပြီး အပစ်ရပ်အဖွဲ့အစည်းတို့ကလည်း မိမိတို့သွားလာရေးအတွက် လုံခြုံရေးများ အပြည့်ချထားကြောင်း အပစ်ရပ်အဖွဲ့အစည်းများထံမှ သိရသည်။
၂၀၀၉ ခု ဇွန် (၂၈ ) ရက် ည (၈) နာရီဝန်းကျင်တွင် ဘုရားသုံးဆူမြို့ ရပ်ကွက် (၃) နှင့် (၄) တွင် ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုသည် မည်သူ့လုပ်ရပ်ဖြစ်ကြောင်း နအဖစစ်တပ်က ဖော်ထုတ်ပေးခြင်းမရှိသေးသော်လည်း လုံခြုံရေး အကြောင်းပြကာ ဗုံးပေါက်ကွဲရာ ဥဒေါင်းကန်လမ်းတလျှောက်ကို ညပိုင်းတွင် နအဖစစ်တပ်မှအပ မည်သူ့ကိုမျှ ဖြတ်သန်းခွင့် မပြုခဲ့ပေ။
Rest of your post
