You are the Shit Than Shwe from Thadar May on Vimeo.
Monday, April 12, 2010
Friday, April 9, 2010
နအဖ လက်အောက်တွင် ဤသို့ ဤသို့ 
သွေးစုတ်ဖုတ်ကောင် နအဖ လက်အောက်မှာ ပျက်စီးနေတဲ့ ပတ်ဝန်းကျင် ထိမ်းသိမ်းမှုနဲ့ လူသားစားကြွက်များ
လူသေအလောင်းများ ပျက်စီးမှု သန်လျင်တွင် ဖြစ်ပွားနေ
ဧပြီ ၈ရက်။ ကေအိုင်စီ
သန်လျင်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲတိုက်ရှိ ရုပ်အလောင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုယ်လက်အင်္ဂါများ ပျက်စီးသည့် အနေအထားမျိုး ထူးခြားဖြစ်စဉ်တခု ဖြစ်ပွားနေသည်ဟု ပြည်တွင်းမှလာသည့် သတင်းတခုအရ သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက သန်လျင်သို့ ဆက်သွယ်မေးမြန်းရာတွင် တကယ်ဖြစ်ပျက်သည်မှာ မှန်ကန် ကြောင်း ကေအိုင်စီကို အတည်ပြု ပြောဆိုခဲ့သည်။
အဆိုပါသတင်းအရ လက်ရှိအချိန်တွင် အလောင်း ၁၈လောင်းခန့်မှာ လက်များ၊ ပေါင်များတွင် ကုတ်ဖဲ့စားသောက်ထားသည့် အနေအထားမျိုးဖြင့် ပျက်စီးနေသည်ကို တွေ့ရသည့်အတွက် တာဝန်ရှိသူများက အထူးစောင့်ကြပ်နေသော်လည်း ဆက်လက် ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။
ယခုလ ၄ရက်နေ့ညတွင်လည်း အလောင်းနှစ်လောင်းကို ထားရှိရာ တလောင်းမှာ နားရွက်တဖက် ပျက်စီးနေပြီး ကျန်တစ် လောင်းမှာ ပေါင်သားများ ပျက်စီးနေသဖြင့် ထိုသို့ ပျက်စီးသွားသော ရုပ်အလောင်းအချို့၏ ပိုင်ရှင်များက ဆေးရုံအုပ်ချုပ်သူ များကို တရားစွဲဆိုထားသည်။
ထိုအဖြစ်အပျက်ကြောင့် ဧပြီလ ၅ရက်နေ့ နံနက်ပိုင်းတွင် တိုင်းအဆင့်ရှိ တာဝန်ရှိသူများက သန်လျင်ဆေးရုံကြီးသို့ ရောက်ရှိ လာပြီး ၎င်းအမှုကို အမြန်ဖော်ထုတ်ပေးရန် မြို့နယ်တာဝန်ခံများကို ဆူပူကြိမ်းမောင်းခဲ့သည်ဟု မျက်မြင်တဦးက ပြောသည်။ ထိုနေ့ည၌ မြို့နယ်ရဲတပ်ဖွဲ့မှ ညပိုင်းတွင် အထူးဂရုစိုက် စောင့်ကြပ်နေသော်လည်း အလားတူ အဖြစ်အပျက် ထပ်မံကြုံတွေ့ရ သည့်အတွက် လူများအကြား ထိတ်လန့်ဖွယ်ရာတခုဖြစ်နေကြောင်း မြို့ခံများက ပြောသည်။
ထိုကဲ့သို့ ဖြစ်ပျက်မှုမျိုးသည် ယခင်ကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင် ကလေးဆေးရုံများတွင်လည်း မြေ ကြွက်ကြီးများ သောင်းကျန်းမှုကြောင့် မကြာခဏ ဖြစ်လေ့ရှိသည်ဟု ထူးခြားမှုမရှိဟု အချို့မြို့ခံများက ပြောသည်။
http://knljapan.blogspot.com/2010/04/blog-post_1188.html
Rest of your post
Monday, April 5, 2010
နအဖ အောက်လမ်းနည်းဖြင့် ကျော်သူ့  မိတ်ဆွေ Facebook အား တိုက်ခိုက်ခြင်း
(ဟုတ်တယ် … Facebook Website က ကျွန်တော်ရဲ့ Kyawthufans ဆိုတာ .. ကျွန်တော်ရဲ့ Fan ပရိတ်ဿတ်တွေက လုပ်ပေးထားတာ။ ဒါကြောင့်လဲ ကျွန်တော်ရဲ့ လူမှုရေးကူညီမှု ကိစ္စတွေကို ပရိတ်ဿတ်ကို ချပြနိုင်ခဲ့ပါတယ်။ ကိုယ်ကျိုးမပါတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် (၃) ပတ်လောက်ရှိပြီ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကနေ အဲဒီ Facebook Website ကုမ္မဏီကို လုပ်ကြံဇာတ်ခင်းပြီး ပိတ်ခိုင်းလိုက်တာ။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ Gmail (ဂျီမေး)ကိုလည်း ပိတ်မယ် .. ဘာညာနဲ့ Warning (သတိ) ပေးပြီး အကြောင်းကြား စာပို့ခံရတယ်။
"ဘာတွေလည်းဗျာ .. အေးအေးဆေးဆေး အခမဲ့ မသာချပေးနေတဲ့ သူကို လာတိုက်ခိုက်တာ။ အခမဲ့ မသာချပေးနေတဲ့ သူကို မနာလိုတွေဖြစ်နေတာ။ ရှင်းရှင်းပြောရရင် ကျွန်တော် အလုပ်ကြံခံရတာပဲ။ ကျွန်တော်ကတော့ အေးဆေးပါ။ ဒါပေမယ့် ကျွန်တော်နဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်ပိုင်းကတော့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ၀ဋ်လည်လိမ့်မယ်လို့ပဲ ပြောလိုက်ပါမယ်။ ကိုယ့်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်နော့ . . . . ။"
ကျွန်တော် နောက်ထပ်ပြီးတော့တင်ဖို့ ဆောင်းပါးလေးတွေ ရေးထားတာ ရှိတယ်။ ယခု ကျွန်တော်ရဲ့ kyawthufans အပိတ်ခံထားရတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သတင်း၊ ဆောင်းပါးတွေတင်ဖို့ ရေးထားတာတွေလည်း တင်လို့မရဘူး ဖြစ်နေတာပေါ့။ ကျွန်တော် “ မျိုးဆက်သစ် Hip Hop လူမှုရေး သူရဲကောင်းများ” ဆိုတဲ့ ဆောင်းပါးလေး တင်ဖို့ ရှိပါတယ်။ တင်လို့ပြန်ရခဲ့ရင်တော့ Fans ပရိတ်သတ်များ အသစ်ထပ်ပြီး ဖတ်ရှုအားပေးလို့ ရမှာပါ…) ဟု ဖြေကြားသွားပါသည်။
Sunday, April 4, 2010
Saturday, April 3, 2010
Friday, March 26, 2010
ဒီကဗျာဖတ်ပြီးရင်ထဲ မကောင်းလွန်းလို့  (စစ်ဓါးပြသန်းရွှေတို့ များ ပြည်သူ့ လုပ်စာစား ဇိတ်ကျ နေကြရဲ့ )
စစ်ကျွန်ကလွဲရင်..ဘာဖြစ်ဖြစ် အကောင်းဆုံး
ကျနော့ကို အမေ မွေးတာ..
ဒီ အမှိုက်ပုံ နေရာပေါ့
ယင်တလောင်းလောင်း၊ ကြွက်များ အောင်း
အနံ့ ထောင်းထောင်း။ စွန့် ပစ် အဟောင်း..
ထုံးလိုသာမွှေ၊ ရေလိုရှာနှောက်
မျက်စိရှင်ရှင်..ကျီးကန်းတောင်းမှောက်ရင်
ကျနော်တို့ အတွက်ကျ..
ထမင်းတစလောင်း ဟင်း တခွက်ကောင်း..
ဒီလိုဘဲ ၀မ်းကျောင်းရတယ်..
မဆိုးပါဘူးဗျာ..ဒီလိုပေါ့
ကျနော်နေတဲ့ အိမ်ဆိုတာ..
ပကာသန.ဘာမှမပါဖူး..
လေးတိုင်စင်..ပလပ်စတစ်မိုး..
မိုးရွာရင်..အိမ်ထဲမိုးရေချိုးလို့ ရတယ်။
လေအလာ..ယိုင်နဲ့ လှုပ်စိ
ရွေ့ ပြောင်းအလုပ်သမား၏ တဲ..
ကျနော့ အတွက်တော့..အိမ်ပါဘဲဗျာ။
အိပ်ရရင်..တော်ပြီပေါ့
မွေးကတည်းက
မုံ့ပဲ သွားရည်စာဘယ်အရာ ကျနော်မသိ
အဆာပြေ အမှည့်လွန် ဌက်ပျောသီးတစ်လုံး
ထမင်းအဖြူထည် ငပိရည်ကြဲဖုံး
ကျနော့အတွက်ဆို ဒါ နတ်သုဒ္ဓါ
ကုန်းတုတ်ကြရတဲ့ အရသာ
အ၀တ်အစားလား..လိုပါဘူးဗျာ..
အဖာတစ်ရာ..ဘောင်းဘီစုတ်
အင်္ကျီ..အရောင်ပြယ် ဂုတ်ရိစုတ်
လျှော်ထားချိန်..ကိုယ်တုံးလုံးနဲ့သာ
ခြောက်တဲ့ အထိစောင့်
ဒီအမှိုက်ပုံမြေမှာ ကလေးတွေ..
မျက်နှာ နှပ်ချေး သလဲ..
ဘောင်းဘီမပါ .ရွှေပန်းတွဲလွဲ
အို..ရှက်ရမှန်းတောင် မသိပါဘူး..
မွေးကတည်းက ဒီလိုဘဲလေ..
ကျောင်းသင်ပညာ..ဘာကိုခေါ်ပါသလဲဗျာ..
ခဲတံဖောင်တိန် စာအုပ်..
ကျနော်တို့ အတွက် မဟုတ်ပါဖူး..
ကျနော့နာမည် သံချောင်း..
ခေါ်တဲ့အခါ ထူးတတ်ရင် အလုပ်ဖြစ်တယ်.
သေစာနဲ့ ရှင်စာ..
အမေအဖေတောင် မတတ်တဲ့ဥစ္စာ..
ကျနော်တတ်လည်း ထူးမှာမှမဟုတ်တာ
မနက်လင်းလာ အိပ်ရာထ..
အမှိုက်ကားလာရင်သာ..လုယက်ရှာဖွေကြ..
ပလပ်စတစ်..ကော်..ဒန်အိုးဒန်ခွက်..
ပုလင်းဟောင်း.ဖျော်ရည် CAN ဗူး.
ဦးနိုင်မှရမယ်..လက်သွက်တတ်ရင်..
ထမင်းဝတယ်။ လည်ဖို့ ဘဲလိုတယ်။
မစိုးရိမ်ပါနဲ့ဗျာ..
စစ်ဆင်ရေး..ပေါ်တာရန်
အတင်းအဓမ္မ ကလေးစစ်သားဘ၀.
လူကုန်ကူး..သူတောင်းစား ဘ၀ထက်.
ကျနော် အမှိုက်ပုံပေါ်တက်နေတာက ဘေးကင်းပါတယ်။
ဆင်းရဲပေမဲ့ ဒီနေရာ..
ကျနော် ပျော်ပါတယ်..
ခြေထောက်ပါ..သွားချင်ရာသွားနိုင်ရဲ့..
မြန်မာပြည်ထက် လွတ်လပ်တဲ့နေရာ..
မိုင်းမရှိ..အမှိုက်ဘဲရှိတယ်..
အော် ကြီးလာရင်..ဘာလုပ်မလဲ..
ဒီ အလုပ်ဘဲပေါ့ဗျာ..
အဖေနဲ့ အမေလိုဘဲ..
ဒီမှာဘဲ ကြီး..ဒီမှာဘဲ နီး..
ဒီမှာဘဲ ရည်းစားရ..
ဒီမှာဘဲ အိမ်ထောင်ကျမှာပေါ့...
ဟို အပိုင်းက..ကောင်မလေးကြီးလာရင်..
ကျနော် ယုမှာပေါ့..
ကျနော်လိုဘဲ သူလည်း
သဲသဲမဲမဲ အမှိုက်ဘဲရှာတဲ့သူ
အော် ကျန်းမာရေးလား..
အမေ ကြွေးတဲ့ သစ်ခေါက်မြစ်ဖု..
ချင်း. ဆနွင်း ခွေးသေးပန်းရွက်
မြန်မာပြည်က လာတဲ့ . သွေးဆေး၊ လျှက်ဆား
ဒါနဲ့ဘဲပျောက်တာပါ.
ကျနော်တို့ ရဲ့ ကိုးဆဲ့ခြောက်ပါးရောဂါ..
ကျနော့ ကလေးတွေ မွေးလာရင်.
ဘာလုပ်ခိုင်းမလည်း.??.
ကျနော်လည်း အမှိုက်ပုံမှာမွေး..
သူတို့ လည်း အမှိုက်ပုံပေါ် မွေးမှာပေါ့..
လက်သည် မလို..
ဒီမှာတော့ ဒီလိုဘဲ မွေးကြတာဘဲ
ကျနော်လည်း အခြေအနေမဲ့..
သူတို့ လည်း အခြေအနေမဲ့ ..
ဒီလိုနဲ့ မျိုးဆက်တွေ
တစ်ဆက် တစ်ဆက်..
အနာဂတ်ဆိုတာ..ဘယ်အရာပါလည်း..
ဆင်းရဲသော ဒုက္ခ..ငတ်ပြတ်တဲ့ ဒုက္ခ
ကြီးလှပေမဲ့..
ကလေး စစ်သားဖြစ်ရတာထက်စာ..
အမှိုက်ပုံပေါ် အေးအေးလူလူဝမ်းစာရှာ..
ကျနော်တို့ နေပျော်ပါတယ်ဗျာ..
မသဒ္ဓါ ( ၃။ ၉။ ၂၀၁၀)
စာကို ပုတ်လောက် ရေးပြတောင်မသိ
အနာဂတ် ဆိုတာ ဘယ်နေရာမှာ ရှိမှန်း မသိသော ကလေးများအတွက်..ကြေကွဲစွာဖြင့်
Rest of your post
Sunday, March 21, 2010
ကျွန်တော် အောင်သိန်းလင်း ငရိုင်းကောင်လေးကို ကို မဲပေးပါ
ဗမာပြည်မှာဤလိုမိစ္ဆာများ အုပ်စိုးမင်းမူပါတယ်ဗျ
ခြင်္သေ့နှင့် မနှိုင်းလောက်တဲ့ ကျဖင်ချုပ်အောင်သိန်းလင်း
`` ဒီနေ့ စည်ပင်ရုံးမှာ ရှိကြတဲ့ အရာရှိတွေနဲ့ ၀န်ထမ်းအားလုံးကို ကျုပ်ပြောမယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ သိကြလား´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ သိကြလား။ ခင်ဗျားတို့အားလုံး ခြင်္သေ့ကို မဲထည့်ရမယ်။ ခြင်္သေ့ကို မဲထည့်မှ ခင်ဗျားတို့၊ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ သားသမီးဆွေမျိုးတွေ ကောင်းစားမယ်။ ဘယ်သူ့ကို ထည့်မှာလဲ ခြင်္သေ့နဲ့ ခွပ်ဒေါင်း ဘယ်သူ့ကို ထည့်မှာလဲ´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ ခြင်္သေ့နဲ့ ဒေါင်းမှာ ခြင်္သေ့ကိုပဲ မဲထည့်ရမယ်။ မသေမချင်း မှတ်ထားကြပါ။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့ ခြင်္သေ့ကို မဲမထည့်လို့ ဟိုကောင်မ နိုင်သွားရင် ခင်ဗျားတို့ ဘာဖြစ်သွားမလဲ သိလား´´ ( ၄င်းမှ အမျိုးသမီးဝန်ထမ်းများကို အစည်းအဝေးခန်းပြင်သို့ ထွက်ခိုင်းသည်။) ထို့နောက် `` ဒေါင်းနိုင်သွားရင် ဒီကို အမေရိကန်ကောင်တွေ ရောက်လာလိမ့်မယ်။ ပြီးရင် ဒီကောင်တွေက အလကားနေကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့ မအေတွေ၊ မိန်းမတွေ၊ နှမတွေ၊ သမီးတွေ တက်လုပ်ကြမှာ ခင်ဗျားတို့ အလုပ်ခံချင်ရင် ဒေါင်းကို မဲပေးကြ ကျုပ် တစ်ခုထပ်ပြောမယ်။ ခင်ဗျားတို့ စည်ပင်ကလူတွေအားလုံး ခြင်္သေ့ကို မဲမထည့်ရင် ဘယ်လိုအရေးယူမလဲဆိုတာ တွေ့ရမယ်။ ခင်ဗျားတို့အားလုံး ကျုပ်တို့ကိုပဲ မဲထည့်ကို ထည့်ရမယ်။´´
ဒါကတော့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ ၀န်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်သော စစ်အာဏာရှင် စကားပင်ဖြစ်ပါသည်။ ၄င်းမှ ထိုသို့စကားပြောကြားနေစဉ်အတွင်း မည်သူတစ်ဦး တစ်ယောက်ကမှ ပြန်လည်ဖြေကြားသံ၊ ရှင်းလင်းတင်ပြသံတို့ကို လုံးဝမကြားရခဲ့ပါဟု အဆိုပါ အစည်းအဝေးကို တတ်ရောက်ခဲ့သော စည်ပင်ဝန်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါသည်။ (၄င်း ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ အစည်းအဝေးအတွင်း စကားပြောသံများကို အသံဖမ်းယူပေးခဲ့သော စည်ပင်သာယာအဆောက်အဦးဌာနမှ ၀န်ထမ်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။)
နအဖ အာဏာရှင်လက်အောက်ခံ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ပြောဆိုသွားသော စကားများတွင် ( အမေရိကန်များ ၀င်ရောက်လာမည်) ဆိုသောစကားတစ်ခွန်းကြောင့် လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်ခန့်က ဖြစ်ရပ်တစ်ခုကို ပြန်လည်သတိရမိပါသည်။ ထိုဖြစ်ရပ်၏ အဓိကဇာတ်ကောင်မှာ အခြားသူမဟုတ်ပါ။ ကျွန်တော်တို့ မြန်မာပြည်ကြီး လွတ်လပ်ရေးရအောင် ကိုယ်ကျိုးစွန့် ဆောင်ရွက်ပေးခဲ့သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦး၏ ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်း ဖြစ်ပါသည်။ ဒေါ်လဲ့လဲ့နွယ်သိန်းသည် လွန်ခဲ့သော ၂၅ နှစ်ခန့်က အမေရိကန်နိုင်ငံသို့ အလွန်သွားရောက်ချင်သဖြင့် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သူတစ်ယောက် ဖြစ်သည်။ ဒေါ်လဲ့လဲ့နွယ်သိန်းသည် အမေရိကန်နိုင်ငံသို့ သွားရောက်နေထိုင်နိုင်ရန်အတွက် နည်းမျိုးစုံ ဖြင့် ကြိုးပမ်းခဲ့သည်။
နောက်ဆုံးတွင် ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါ၀ါဝင်းရွှေ၏ အိမ်အနီးနားတွင် နေထိုင်သော အသက် (၅၀) ခန့် အမေရိကန်လူမျိုး မုဆိုးဖိုကြီးအား သိမ်းသွင်း စည်းရုံးပြီး လက်ထပ်စာချုပ်တွင် တရားဝင်လက်မှတ်ရေးထိုး ပေါင်းသင်းခဲ့သည်။ ထိုလက်ထပ်စာချုပ် အားကိုးဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်နေထိုင်နိုင်ရန်အတွက် အသုံးချခဲ့ပါသည်။ ၄င်းအကြောင်း အရာများသည် ဦးအောင်ဆန်းဦးနှင့် မပေါင်းသင်းမီ အချိန်ကဖြစ်ပါသည်။ ယခုအခါမှာ ဒေါ်လဲ့လဲ့နွယ်သိန်းသည် လက်ရှိမြန်မာ့နိုင်ငံရေး လောက၏ မိခင်ဟု အသိအမှတ် ပြုခံထားရသော ၄င်း၏ ယောက်မတော်စပ်သူ ဒေါ်အောင်ဆန်းစုကြည်အား နအဖ စစ်အစိုးရ၏ အားကိုးဖြင့် နည်းမျိုးစုံ နှောက်ယှက်၊ တိုက်ခိုက်နေသည်မှာ ယနေ့အထိပင် ဖြစ်ပါသည်။ နအဖ စစ်အစိုးရနှင့် စစ်အစိုးရ၏ လက်ကိုင်တုတ်ဖြစ် အသုံးချနေကြသောသူများမှာ တကယ့် တကယ်တမ်းတွင် နိုင်ငံခြားသား အမေရိကန်လူမျိုးများအား အထင်တကြီး အားကိုးယုံကြည် အောက်ကျို့နေကြသော လူ့ပြိတ္တာ၊ လူ့ငရဲသားများသာလျှင် ဖြစ်တော့သည်။
နအဖ စစ်အစိုးရ၏ လက်ကိုင်တုတ်တစ်ချောင်းဖြစ်သော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း ပြောဆိုခဲ့သော စကားများမှာ တကယ့် တကယ်တမ်းလက်တွေ့တွင် ဇာတိဂုဏ် မျိုးချစ်စိတ်ဓါတ် ရှိသယောင်ဖြင့် နအဖ စစ်အစိုးရ ဆက်လက်အာဏာရရှိရေးအတွက် ခြိမ်းခြောက် ပြောဆိုစည်းရုံးနေခြင်းပင် ဖြစ်ပါတော့သည်။
(ယခု သတင်းအားရရှိအောင် ၀ိုင်းဝန်းပံ့ပိုးပေးကြသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှ ၀န်ထမ်းများနှင့် ရန်ကုန်သတင်း အသိုင်းအ၀ိုင်းအား အထူးကျေးဇူးတင်ရှိပါသည်။)
သောက်ခွက်ရုပ်ပုံကို ကြည်ပြီး စိတ် ကောင်းမကောင်းဆိုတာ ပရိတ်သတ်ကြီး သုံးသပ်ကြပေတော့။
သန်းရွှေ နဲ့မောင်အေး ၂ယောက်ပေါင်းမွေးထုတ်လိုက်တဲ့ သား အောင်သိန်းလင်း ၊သန်းရွှေ မောင်အေး အပါအ၀င် န အ ဖ လူတော်တော်များဟာ ကျနော်တို့ အိမ်မှာမွေးထားတဲ့ ဂုတ်ကြားခွေးလောက်တောင် အဆင့်မရှိ၊ အသိဥာဏ်မရှိ ၊အရှက်မရှိတဲ့ ၊လူမိုက်ရိုင်း၊ လူရမ်းကားတွေပါ၊ စိတ်ပိုင်းဆိုင်ရာတွေ အတော်ယုတ်တဲ့လူတွေဗျား။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ခင်ဗျားတို့စိတ်ဓာတ်တွေပြင်ဖို့ကောင်းနေပြီ ၊ သန်းရွှေ မောင်အေ စစ်တပ်ကြီးကတော့ ကြေညာလိုက်တာ မပြောနဲ့တော့ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး တဲ့။
Rest of your post


