Thursday, June 18, 2009

ဗမာပြည်ဟာ ယို့ ယွင်းနေတဲ့ ကားအိုကြီးလို

ဖုန်းလိုင်းပြတ်တောက်မှုများနေခြင်းကြောင့် ပြည်သူလူထု အခက်အခဲဖြစ်နေပြီး ဝန်ကြီးဌာနသို့ တိုင်ကြား
Wednesday, 17 June 2009 23:11 ဖြိုးကြီး
ဆက်သွယ်ရေးဝန်ထမ်းများ လာဘ်ပေးလာဘ်ယူလုပ်နေမှုများနှင့် ဖုန်လိုင်းများ အဆမတန် ပြတ်တောက်နေခြင်းကြောင့် ပြည်သူလူထုအနေဖြင့် အခက်အခဲဖြစ်နေရပြီး နေပြည်တော်ရှိ ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တိုင်ကြားစာ ပေးပို့ထားသည်ဟု ဆိုသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ လေးထောင့်ကန် အိတ်ချိန်းရုံးမှ ဝန်ထမ်းများကို မကျေနပ်သည့် ဖုန်းပိုင်ရှင် ၁၆ ဦးက လက်မှတ်ရေးထိုးကာ ယမန်နေ့က တိုင်ကြားထားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“အိတ်ချိန်းရုံးက ဝန်ထမ်းတွေက လျှပ်စစ်မီးပျက်တဲ့အချိန်တွေမှာ မီးစက်မောင်းပြီး အလုပ်မလုပ်ဘူး၊ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဒီဇယ်ကိုလည်း သူတို့က ကိုယ်ကျိုးအတွက် သုံးတယ်၊ တယ်လီဖုန်းလိုင်း ပျက်နေရင်လဲ ပြုပြင်ဖို့ခေါ်ရင် လိုက်ပြီးပြင်တာမရှိဘူး၊ နောက်တခါကျတော့ ဖုန်းလိုင်းတွေကို တမင်ဖြတ်ပြီး ပြင်ဖို့ခေါ်တယ်ဆိုရင်လဲ အခကြေးငွေ တောင်းတယ်၊ အဲဒါတွေကို အထက်လူကြီးတွေသိအောင် တင်ပြတဲ့သဘောပါ” ဟု ပြောသည်။

ထို့အပြင် လစဉ် ဖုန်းခွန်ပေးသွင်းရာတွင်လည်း သုံးစွဲထားသည်ထက် အဆမတန်များပြားနေပြီး ဝန်ထမ်းတွေကလဲ ဆက်ဆံရေး မကောင်းသည့်အတွက် စိတ်ညစ်နေရကြောင်း ဒေသခံက ဆက်လက်ပြောသည်။

“ဝန်ထမ်းတွေက ပြောတာဆိုတာလဲ မကောင်းဘူး၊ ကျနော်တို့ အခုဆို အရေးပေါ်ကိစ္စ၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေ အရေးကြီးလို့ ဆက်သွယ်မယ်ဆိုရင် တော်တော်ကို ဒုက္ခရောက်နေရတယ်၊ အရင်က ရေဒီယိုဖုန်းတွေအစား ကန်းရိုးတမ်းသုံး အော်တိုဖုန်းတွေနဲ့ လဲတပ်တော့ ပိုက်ဆံ (၈) သိန်း ထပ်တောင်းတယ်၊ အဲဒါကြောင့်လဲ အခုလို တိုင်ရတာ” ဟု ပြောသည်။

အဆိုပါ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုအခြေအနေများနှင့် ပတ်သက်၍ လေးထောင့်ကန် အိတ်ချိန်းရုံးမှ တာဝန်ရှိသူတဦးက ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းမှာ မှန်ကန်သော်လည်း အခြားအကြောင်းအရာများကို ငြင်းဆန်ခဲ့သည်။

“ဖုန်းလိုင်းပျက်လို့ တိုင်ထားတာ နည်းနည်းပဲရှိပါတယ်၊ ပြင်တယ်ဆိုတာက ကျနော်တို့ဆီတိုင်မှ ပြင်ပေးရတယ်၊ အဲဒီအပေါ်မှ အခကြေးငွေတောင်းတာ မရှိပါဘူး၊ ကျနော်တို့ လိုက်လုပ်ပေးပါတယ်” ဟု ဝန်ထမ်းတဦးက ပြောသည်။

လေးထောင့်ကန် အိတ်ချိန်းရုံးသို့ ဖုန်းလိုင်းပျက်သဖြင့် တိုင်းကြားသူ တနေ့လျှင် ၅ ဦးခန့်ရှိပြီး ယခုလအတွင်း တိုင်ကြားထားသူ ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဆက်လက်ပြောသည်။

တောင်ဒဂုံမြို့သစ်တောင်ပိုင်း ကျေးရွာများတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စတင်ပြီး ဖုန်းအလုံး ၂၀၀ ခန့် ချပေးထားပြီး ယခုအခါ အလုံး ၄၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN